SMEs ချေးငွေအတွက် GIZ နှင့်ပြည်တွင်းဘဏ်သုံးခု ပူးပေါင်းမှုသက်တမ်းတိုး

အသေးစားနှင့်အလတ်စားလုပ်ငန်း (SME) ချေးငွေကဏ္ဍ ဖွံဖြိုးရေးအတွက် ဂျာမနီအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (GIZ )က ပြည်တွင်းမှ ကမ္ဘောဇ၊ရိုးမ၊အသေးစားနှင့်အလတ်စား
စက်မှုလုပ်ငန်းဖွံဖြိုးရေးဘဏ် (SMIDB)တို့နှင့် ပူးပေါင်းဆောင်ရွက်မှုကို သက်တမ်းတိုးမြှင့်လိုက်ကြောင်း GIZ ထံမှသိရသည်။
 
 
ပြည်တွင်းဘဏ်သုံးခုကို SMEs ချေးငွေနှင့်ပတ်သက်၍ GIZ  ကနည်းပညာအကူအညီပေးမှုကို ၂၀၁၆ ခုနှစ် စက်တင်ဘာလအထိ ဆက်လက်ဆောင်ရွက်ရန် စက်တင်ဘာ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့တော်
Chatrium  ဟိုတယ်တွင်သက်တမ်းတိုးလက်မှတ် ရေးထိုးခဲ့ကြောင်း GIZ  ကသတင်းထုတ်ပြန်သည်။
 
Credit - The VOICE Daily