NCA လက်မှတ်ထိုးရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ ချင်းမိုင်တွင် သီးသန့် ဆွေးနွေး

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ (SD) အဖွဲ့ ဝင်များသည် စက်တင်ဘာ ၁၇ရက်နေ့ က
ထိုင်းနိုင်ငံချင်းမိုင်မြို့ တွင် သီးသန့် တွေ့ ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များထံမှ သိရသည်။
 
 
 
အဆိုပါဆွေးနွေးပွဲမှာ နေပြည်တော်တွင် နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ တွေ့ ဆုံခဲ့သည့် အခြေအနေများကိုပြန်လည်ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်ခြင်းဖြစ်သည်ဟု
တိုင်းရင်းသားလက်နက်ကိုင် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ဝင် ဦးနိုင်ဟံသာ ကဆိုသည်။
(Credit- The Voice Daily)