နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်သည့် အထိမ်းအမှတ် ညစာစားပွဲကျင်းမည်

နေပြည်တော် သမ္မတအိမ်တော် ၌နိုင်ငံတော်သမ္မတဦးဝင်းမြင့် သမ္မတတာဝန် စတင်ထမ်းဆောင်သည့် အထိမ်းအမှတ် ညစာစားပွဲနှင့် စုပေါင်းအင်အား ပြဇာတ်ကပွဲကို ဧပြီ၆ရက်(ယနေ့)ညနေပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကပြောဆိုသည်။ဂုဏ်ပြုညစာစားပွဲတွင် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များ၊တိုင်းနှင့်ပြည်နယ် ၀န်ကြီးချုပ်များ ၊နိုင်ငံတကာသံတမန်များ၊ရှပ်ရှင်ဂီတသဘင်  အနုပညာရှင်များ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
 
နိုင်ငံတော်သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုသည့်နေ့မှစ၍ ဧပြီ၅ရက်အထိ ရက်သတ္တတစ်ပတ်အကြာအထိ နိုင်ငံတော်သမ္မတ၏ ဆောင်ရွက်ချက်ကို အစိုးရကတစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးသောကြောင့် ယခုညစာစားပွဲနှင့် စုပေါင်းအင်အားပြဇာတ်ကပွဲသည် ဦးဝင့်မြင့်နိုင်ငံတော်သမ္မတဖြစ်လာပြီး ပထမဆုံးအကြိမ် အများပြည်သူရှေ့မှောက် ရှောက်ရှိလာခြင်းဖြစ်သည်။
 
ဂုဏ်ပြုညစာစားပွဲ ကျင်းပသည့် အခမ်းအနားကို ဧပြီ၆ရက်ညနေ ၆နာရီမှစတင်ကာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)၊MITV၊MNTV၊Skynet Up To Date၊MOI Webportal Myanmar Facebook၊MRTV Facebook နှင့် Myanmar Digital News Facebook တို့တွင် တိုက်ရိုက်ထုတ်လွင့် သွားမည်ဖြစ်ကြောင်း ဧပြီ၅ရက် ညပိုင်းတွင် နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ထားသည်။