နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ညွန်ကြားချက်အတိုင်း ကုန်စည်ပို့ဆောင်ရေး၌ မြစ်ကြောင်းများ အသုံးပြုနေ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ညွန်ကြားချက်အတိုင်း မြစ်ကြောင်းများကို အသုံးပြုပြီး ကုန်စည်ပို့ဆောင်ရေးလုပ်ဆောင်ရန် အဓိကဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဧပြီ၎ရက်၌ ပြောဆိုသည်။
 
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်မည့် လှိုင်သာယာမြို့နယ် ငွေပင်လယ်စက်မှုဇုန်နှင့် အလယ်ရွာအနီးတွင် Ngwe Pin Le Integrated Logistics Zone and IWT Jetty Link Dry Port Project အတွက် Market Sounding အစီအစဉ်ကို အစည်းအဝေး ခန်းမ(၂)၌ ဧပြီ၎ရက် မွန်းလွဲ၂နာရီတွင် ကျင်းပခဲ့ရာ ၀န်ကြီးက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
 
ယင်းအပြင် မြို့ရှောင်လမ်းမရှိသည့် အတွက်Traffic Condition များသည် ယင်းအခြေအနေပေါ်တွင် အများကြီးမူတည်နေကြောင်း၊ထို့ကြောင့် ပထမအဆင့်အနေဖြင့် ကုန်တင်ယာဉ်များ အားလုံးကို ညဘက်မှပေးထွက်ရန် ပြောင်းလဲရကြောင်းပြောဆိုသည်။