နိုင်ငံစီးပွားရေး အနည်းငယ်တိုးတက်မှုရှိ၊မိမိအနေဖြင့် ကြိုးပမ်းမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီးသစ် ဦးစိုးဝင်းပြောဆို

လက်ရှိ နိုင်ငံတော်၏ စီးပွားရေးမှာ အနည်းငယ်တိုးတက်မှုရှိနေပြီး မိမိအနေဖြင့် အတတ်နိုင်ဆုံး ကြိုးစားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးသစ် ဦးစိုးဝင်းက ဇွန်၅ရက်က နေပြည်တော်တွင် ကျင်းပသည့် ဒုတိယအကြိမ်၊ပြည်ထောင်စုလွှတ်တော်၊အဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ ခေတ္တရပ်နားချိန်၌ သတင်းမီဒီယာများ အားပြောဆိုသည်။အချိန်နှစ်နှစ်ဆိုတာ နည်းတဲ့အချိန်မဟုတ်ဘူး။နှစ်နှစ်ကျော်ဆိုတာ တော်တော်များများလုပ်လို့ရပါတယ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကျွန်တော်တို့ကို လွတ်လပ်စွာဆုံးဖြတ်ပြီးတော့ လွတ်လပ်စွာ လုပ်ဖို့ပါပဲ။ကျွန်တော်တို့ကတော့ လိုအပ်ရင် သူ့ရဲ့လမ်းညွန်ချက်ကို မသိမသာယူဖို့ရှိပါတယ်။ကျွန်တော့်အနေနဲ့ အခုအချိန်မှာ ဘာကတိမှ မပေးနိုင်ပါဘူး။ပြည်သူတွေကို မှာကြားချင်တာကတော့ စိတ်အေးလက်အေးနေပါ "ဟု ၎င်းကပြောဆိုသည်။
 
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ရရှိတိုင်းလွယ်လွယ်ကူကူမလုပ်စေချင်ကြောင်း ထိရောက်အကျိုးရှိမည့် ရင်းနှီးမြှုပ်နှံမှုများကို ချေးငွေများရယူပြီး လက်ခံချင်ကြောင်း လက်ရှိမြန်မာ့စီးပွားရေးသည် ကဏ္ဍပေါင်းစုံတွင်စိန်ခေါ်မှု များစွာရှိနေသဖြင့် ယင်းကဏ္ဍများကို ကိုယ်တွယ်ဆောင်ရွက်မည့် အဖွဲ့များဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။လက်ရှိအစိုးရလက်ထက် စီးပွားရေး မျှော်မှန်းသလောက် အကောင်အထည်မပေါ်ခြင်းနှင့် ပတ်သက်၍ "၀န်ကြီးဌာနတွေ တစ်ဖက်နဲ့တစ်ဖက် အထောက်အကူပြုလုပ်ပေးသွားဖို့ လိုပါတယ်။အဲဒါလေးတွေ လိုအပ်နေတယ်လို့ကျွန်တော် ထင်တယ်၊အဲ့ဒါကို ကျွန်တော်တို့အထူး Focus လုပ်ပြီးသွားပါမယ် "ဟု၎င်းက ဆက်လက်ပြောဆိုသည်။
Credit- Myanmar Times