(၁၅)ကြိမ်မြောက် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် သုဝဏ္ဏအားကစားကွင်းတွင် ပြုလုပ်မည်

 
(၁၅)ကြိမ်မြောက် ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော်ကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
 
ဖွင့်ပွဲအခမ်းအနားကို ဧပြီ၁၃ရက်မွန်းလွဲ ၁နာရီ၌ ပြုလုပ်မည်ဖြစ်ပြီး ရိုးရာသင်္ကြန်ပွဲတော်ကိုဧပြီ၁၃ရက်မှ ၁၆ရက်အထိ နေ့စဉ် နံနက်၉နာရီမှ ညနေ၅နာရီအထိဆင်နွဲကြမည်ဖြစ်သည်။
 
ထို့အပြင် ဧပြီ၁၃ရက် နံနက်၉နာရီတွင် ဗဟန်းမြို့နယ်ရှိ ရခိုင်ပြည်နယ်ဓမ္မာရုံ၌ ဘုရားရေသပ္ပာယ်ပွဲ ပြုလုပ်မည်ဖြစ်သည်။
 
ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ရိုးရာယိမ်းအကများ၊ရခိုင်တေးသီချင်း သီဆိုဖျော်ဖြေမှုများ၊တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများ၊ရခိုင်ရိုးရာအစားအစာများနှင့် အမှတ်တရ ပစ္စည်းများရောင်းချခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။