မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အနေနဲ့ ခေတ်ဟောင်းကင်မရာပြပွဲပြုလုပ်သွားမယ်လို့ အေညက်တိုဘာ(၇)ရက်က Orchid Hotel မှာ ပြုလုပ်ခဲ့

(၁၉၀၀)ပြည့်နှစ်လောက်ကစပြီး ဖလင်ခေတ်အဆုံးထိ ခေတ်ဟောင်းကင်မရာတွေကို ကင်မရာစိတ်ဝင်စားသူတွနဲ့ ခေတ်ဟောင်းပစ္စည်းစုဆောင်းသူတွေအတွက် ရည်ရွယ်ပြီး ခေတ်ဟောင်းကင်မရာပြပွဲကို ပြုလုပ်ဖြစ်တယ်လို့သိရပါတယ်။
အခုပြသမယ့် ခေတ်ဟောင်းကင်မရာတွေထဲမှာ ရှေးဟောင်းပစ္စည်းဆိုင်တွေက ၀ယ်ထားတွေနဲ့ လမ်းဘေးအဟောင်းဆိုင်တွေကတစ်ဆင့် ရှာဖွေဝယ်ယူစုဆောင်းထားတဲ့ ကင်မရာတွေလည်း ပါဝငါတယ်လို့ သိရပါတယ်။
စီစဉ်သူ ကိုကျော်သက်မင်းကတော့ သတင်းထောက်အလုပ်ကို လုပ်ကိုင်နေရာမှ ကင်မရာနဲ့ နီးစပ်လာခဲ့ပြိး ကင်မရာအဟောင်းတစ်မျိုးတည်းကို ပြီးခဲ့တဲ့ (၁၅)နှစ်လောက်က စတင်ကာ ၀ယ်ယူစုဆောင်းလာခဲ့တာလို့ သိရပါတယ်။
အခုပြုလုပ်မယ့် ခေတ်ဟောင်းကင်မရာပြပွဲမှာ ကင်မရာသမိုင်းအကြောင်းပြကွက်တွေ၊ခေတ်အဆက်ဆက် ကင်မရာတွေရဲ့ တိုးပြောင်းလည်းလာပုံတွေ၊ဖလင်ကင်မရာခေတ်က ဓာတ်ပုံကူးယူပုံအဆင့်ဆင့်တွေကို ပြသသွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ခေတ်ဟောင်းကင်မရာပြပွဲကို လာမယ့် အောက်တိုဘာ (၁၉)၊(၂၀)၊(၂၁)ရက်နေ့တွေမှာ ပြည်သူ့ရင်ပြင်က Yangon Gallery မှာ မနက်(၉)နာရီကနေ ညနေ(၅)နာရီအထိ ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။