ပြည်သူတွေနဲ့ အဆက်အသွယ်မပြတ်ကြဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေအနေနဲ့ ပြည်သူလူထုနဲ့ အဆက်အသွယ်မပြတ်ကျဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားလိုက်ပါတယ်။ ဒီကနေ့ သြဂုတ်လ(၇)ရက်က မိတ္ထီလာခရိုင်၊ ၀မ်းတွင်းမြို့နယ်က မြေတိုင်ကန်ကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ ကျေးလက်နေပြည်သူများနှင့်ငြိမ်းချမ်းရေး စကားဝိုင်းကို လာရောက်ပြီး မြေတိုင်ကန်ကျေးရွာက သက်ကြီးရွယ်အိုတွေနဲ့ တွေ့ဆုံစဉ် မှာနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တာပါ။
 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သက်ကြီးရွယ်အိုတွေတွေ့ဆုံစဉ် ကျေးရွာရဲ့ လိုအပ်ချက်တွေကို တင်ပြခဲ့ကျပြီး စပါးစိုက်ပျိုးဖို့ရာအတွက် ရေလိုအပ်ကြောင်း အဓိကထားပြောကြားခဲ့တဲ့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ဆောင်ရွက်ပေးဖို့မှာကြားခဲ့ပြီး မိုးစပါးစိုက်ပျိုးချိန်အမှီ တစ်လအတွင်းဆောင်ရွက်ပေးမယ်လို့ ကတိပေးခဲ့တယ်လို့သိရပါတယ်။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ မြေတိုင်ကန်ရွာကိုရောက်ရှိနေစဉ်အတွင်း ဒေသရဲ့အဓိကလုပ်ငန်းတစ်ခုဖြစ်တဲ့ ရက်ကန်းလုပ်ငန်းတွေကိုလဲဝင်ရောက်လေ့လာခဲ့ပါတယ်။
 
ကျေးလက်နေပြည်သူများနှင့်ငြိမ်းချမ်းရေး စကားဝိုင်းကိုဒေသခံ (၈)ဦး ဖြစ်တဲ့ ကျောင်းဆရာဦးထွန်းဝင်း၊ ကုန်စုံဆိုင်ပိုင်ရှင်ဒေါ်ခင်ဆွေ၊ တောင်သူဦးအောင်တင့်၊ MBA ကျောင်းသူဒေါ်ထက်ထက်အောင်၊ ယက်ကန်းရုံပိုင်ရှင်ဦးဝင်းဇော်၊ ဆန်စက်ပိုင်ရှင်ဦးကျော်ဖုန်း၊ သီးနှံကုန်သည်ဒေါ်ပိုးအိနှင့် ကုန်ကားလုပ်ငန်းရှင် ဦးရဲစိန်တို့နဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် ပါဝင်ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။