ရွှေတိဂုံစေတီတော်မှာ မသိုးသင်္ကန်းယှဉ်ပြိုင်ရက်လုပ်ကပ်လှူဖို့အတွက် ပြိုင်ပွဲဝင်များပြင်ဆင်နေ

ရွှေတိဂုံစေတီတော်မှာ မသိုးသင်္ကန်းယှဉ်ပြိုင်ရက်လုပ်ကပ်လှူဖို့အတွက် ပြိုင်ပွဲဝင်များ ပြင်ဆင်မှုတွေပြုလုပ်နေပြီလို့ သိရပါတယ်။ ရွှေတိဂုံစေတီတော် (၃၃)ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲကို (၁၃၇၉)ခုနှစ် တန်ဆောင်မုန်းလဆန်း (၁၄)ရက် အဖိတ်နေ့၊ နိုဝင်ဘာလ (၂)ရက်နေ့မှာ မသိုးသင်္ကန်းတော်များ ယှဉ်ပြိုင်ရက်လုပ်ဖို့အတွက် အောက်တိုဘာလ(၂၅)ရက်ကစပြီး ပြိုင်ပွဲဝင်တွေအနေနဲ့ ပြင်ဆင်မှု တွေပြုလုပ်နေပြီလို့ သိရပါတယ်။
 
ပြိုင်ပွဲဝင်ဖို့အတွက် ပြင်ဆင်ရာမှာ ရက်ကန်းစင်အနေအထား၊ ချည်မျှင်ရှင်းလင်းတာတွေအပြင် ဗိုင်းငင်တာတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။ ယခုနှစ်မှာတော့ ပြိုင်ပွဲဝင်အဖွဲ့(၁၅)ဖွဲ့ ၀င်ရောက်လျှောက်ထားရာမှ အဖွဲ့(၉)ဖွဲ့သာ မဲနှိုက်ယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
ပြိုင်ပွဲဝင်အဖွဲ့ (၉)ဖွဲ့မှ ယှဉ်ပြိုင်ရက်လုပ်ထားတဲ့ မသိုးသင်္ကန်းတွေကို အောက်တိုဘာလ(၃)ရက်၊ တန်ဆောင်မုန်းလပြည့်နေ့မှာဆုချီးမြှင့်ပြီး အရုံတက်ချိန်မှာ အရုဏ်ခံတန်ဆောင်းများအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်(၄)ဆူနဲ့ အထက်ပစ္စယံ ပတ္တမြားမျက်ရှင်ရုပ်ပွားတော်၊ ရင်ပြင်တော်ပေါ်ရှိ ဗုဒ္ဓရုပ်ပွားတော်များကို မသိုသင်္ကန်းတော်များ ဆပ်ကပ်လှူဒါန်းပူဖော်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မသိုးသင်္ကန်းယှဉ်ပြိုင်ရက်လုပ်ကပ်လှူပူဇော်ပွဲမှာ ညအိပ်ကုသိုလ်ပြုကြမယ့် ဘုရားဖူးပြည်သူတွေ အနေနဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားကို တပါးတည်းယူဆောင်လာရမှာဖြစ်ပြီး ညအိပ်ခွင့်တိုင်ကြားရမှာ ဖြစ်တယ်လို့ သိရပါတယ်။