Home
Who We Are
News
Program
Schedule
podcast
Contact Us
87.9 MHz -
Mandalay FM - Your Radio , Your Friend
Your browser does not support the audio element.
ရေကြောင်းတက္ကသိုလ် ပညာသင်နှစ်တစ်နှစ်လျှော့ချမည်
၂၀၁၈-၁၉ ပညာသင်နှစ်ကစတင်ကာ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ ပညာသင်နှစ်ကို ခြောက်နှစ်မှ ငါးနှစ်သို့ လျော့ချမည်ဟု အဆိုပါတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်ကပြောသည်။
မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ် ကျောင်းသူကျောင်းသားများသည် သင်တန်းကာလ ခြောက်နှစ်အချိန်ပေး သင်ယူရသည့်အပြင် ကျောင်းပြီးပါက အခြားလိုအပ်သည့် သင်တန်းလက်မှတ်များ ထပ်မံယူရခြင်းကြောင့် နိုင်ငံတကာ သင်္ဘောကုမ္ပဏီများတွင်အလုပ်အကိုင် အခွင့်အလမ်းအတွက် နှောင့်နှေးမှုရှိနေသဖြင့် ပညာသင်နှစ် လျှော့ချခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
ရေကြောင်းပညာတက္ကသိုလ်တွင် ဘာသာရပ် ခုနှစ်ခု အနက် ယခင်ပညာသင်နှစ်က ခြောက်နှစ်သင်တန်းကာလ သတ်မှတ်ထားသည့် ရေယာဉ်တည်ဆောက်မှု ဗိသုကာဘွဲ့၊ ဆိပ်ကမ်းအင်ဂျင်နီယာဘွဲ့၊ မြစ်ချောင်းနှင့် ကမ်းရိုးတန်း အင်ဂျင်နီယာဘွဲ့၊ ရေကြောင်းမက္ကနစ် အင်ဂျင်နီယာဘွဲ့သင်တန်းများကို သင်တန်းကာလ ငါးနှစ်သို့ လျှော့ချခြင်းဖြစ်သည်။ သိပ္ပံဘွဲ့ (ရေကြောင်းသိပ္ပံ)သင်တန်းကိုမူ ယခင်အတိုင်း သင်တန်းကာလ ငါးနှစ်တက်ရောက်ရမည်ဖြစ်သည်။
Credit - 7 Days Daily