Home
Who We Are
News
Program
Schedule
podcast
Contact Us
87.9 MHz -
Mandalay FM - Your Radio , Your Friend
ရေဘေးကြောင့်ပျက်ဆီးသည့် မိုးစပါးစိုက်ဧက ခုနှစ်သောင်းခွဲကျော် ပြန်လည်စိုက်ပျိုးပြီး
ဇူလိုင်လအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ထိခိုက်ပျက်ဆီးခဲ့သည့် မိုးစပါးစိုက်ဧကများထဲမှ စိုက်ဧကပေါင်း ခုနှစ်သောင်းခြောက်ထောင်ကျော် ကိုပြန်လည်စိုက်ပျိုးထားပြီးဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆယ်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။
မိုးအဆက်မပြတ်ရွယသွန်း၍ မြစ်ရေတက်ခြင်း၊ ဒီရေတက်ခြင်းတို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် သီးနှံစိုက်ခင်းများ ရေလွှမ်း၍ သြဂုတ်လ ၃ရက်နေ့အထိ မိုးစပါးစိုက်ဧကပေါင်း တစ်သိန်းနှစ်သောင်းခန့် ထိခိုက်ပျက်ဆီးခဲ့ပြီး ခုနှစ်သောင်း ခြောက်ထောင်ကျော် ပြန်လည်စိုက်ပျိုးနိုင်ခြင်းဖြစ်သည်။
''အရန်မျိုးစပါးတင်း ခုနှစ်သောင်းလောက်ရှိပါတယ်။ တစ်ဧကကို မျိုးစပါးတစ်တင်းနှုန်းနဲ့ ထောက်ပံ့ပေးမှာပါ၊ လိုရင်လည်း မျိုးစပါးအဖွဲ့တွေဆီက ယူလို့ရပါတယ်'' ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး၊ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် ရေကြီးနစ်မြုပ်မှုဒဏ်ကို အများဆုံးခံစားခဲ့ရခြင်းဖြစ်ပြီး ပျက်စီးသွားသည့် စပါးစိုက်ဧကများ အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် သက်လျင် စပါးနှံ ကောက်မျိုး မျိုးသန့်မျိုးစေ့ များကို တင်းတစ်ထောင်စီ ထောက်ပံ့ပေးပို့ထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန ထံမှသိရသည်။
ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါး၊ အစေ့ထုတ်ပြောင်း၊ နှံစားပြောင်း၊ နှမ်း၊ ပဲစင်းငုံ၊ ကြံနှင့် အခြားဟင်းသီးဟင်းရွက် စိုက်ဧကပေါင်း ခုနှစ်သိန်းခွဲကျော်ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်ပါတယ် မိုးစပါးများကို အောက်တိုဘာလအထိ အချိန်မီပြန်လည် စိုက်ပျိုးနိုင်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။
သဘာဝဘေးကြောင့် ထိခိုက်ပျက်ဆီးသည့် သီးနှံစိုက်ခင်းများ ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရန် လိုအပ်သည့် သီးနှံမျိုးစေ့နှင့် နည်းပညာအထောက်အပံ့များနှင့် မြေပြင်ထွန်ယက်ရေး လိုအပ်ချက်များကို စက်မှုလယ်ယာဦးစီးဌာနက ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း ယင်းဦးစီးဌာနထံမှသိရသည်။
Credit - The Voice