ရေဘေးကူညီရန် မန္တလေးမြို့ခံ ပန်းချီဆရာများ ပန်းချီဆွဲ၍ ရန်ပုံငွေရှာ

မြန်မာပြည်အောက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများကြောင့် ဒုက္ခရောက်ခဲ့ ကြသည့် ရေဘေးသင့်ပြည်သူများကို ကူညီနိုင်ရန် မန္တလေးနှင့် အနီးတစ်ဝိုက် ဒေသများမှ ပန်းချီဆရာများ စုပေါင်း၍ ကျုံးနားဘေးမှ လူထုဧရိယာတွင် ပန်ချီရေးဆွဲကာ ရန်ပုံငွေရှာလျက်ရှိသည်။
ပန်းချီဆရာများ စုပေါင်းရန်ပုံငွေရှာခြင်းကို သြဂုတ်လ ၁၂ ရက်မှ ၁၄ ရက်နေ့ နံနက် ၈ နာရီ မှညနေ ၆နာရီ အထိပြုလုပ်မည်ဖြစ်ပါတယ်။ မန္တလေး၊ပုဂံ၊ပြင်ဦးလွင်၊ စစ်ကိုင်း၊ မင်းကွန်း၊ အမရပူရ စသည့် မြို့နယ်များမှ ပန်ချီဆရာများပါဝင်ပြီး အလျူရှင်များအနေနှင့် ၅၀၀၀ ကျပ်ထည့်ဝင်လျူဒါန်းပါက ပန်းချီကားတစ်ချပ် လက်ဆောင်ပြန်ပေးမည်ဖြစ်သည်။
''ရေကအောက်ပြည်ဘက်မှာတော်တော်တော့ ကြီးတယ်။ ဒုက္ခရောက်ကြတယ်။
ဒါကိုပန်းချီဆရာတွေကကိုယ်ချင်းစာတဲ့စိတ်နဲ့ ကိုယ်တက်တဲ့ပညာလေးနဲ့ လုပ်ပေးတာ'' ဟု ပန်းချီဆရာကြီး ဦးဇော်ဝင်း (သစ်ထွင်း) ကပြောကြားသည်။
 
Credit - The Voice