အခေါက်ရွှေဈေး ကိုးသိန်းခွဲကျော်အထိရောက်

ဆက်တိုက်မြင့်တက်လျှက်ရှိသော ပြည်တွင်းရွှေဈေးမှာ မနေ့က ခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ကိုးသိန်းခွဲ ကျော်အထိ ရောက်ရှိကြောင်း ရွှေဈေးကွက် အတွင်းမှသိရသည်။
''ဒေါ်လာဈေးကျရင်တော့ရွှေဈေးက ကျနိုင်ချေရှိပါတယ်'' ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်ဝင်းက ပြောကြားသည်။
ဒေါ်လာဈေးတက်ခြင်းနှင့် ဈေးကွက်အတွင်း ရွှေကုန်ကြမ်းဝင်ရောက်မှု နည်းပါးနေခြင်းတို့ကြောင့် ရွှေဈေးဆက်လက် မြင့်တက်နေဦးမည်ဖြစ်ကြောင်း ရွှေကုန်သည်ကြီးများက သုံးသပ်သည်။
ပြီးခဲ့သည့်ဇူလိုင်လ ၁၃ ရက်နေ့က အခေါက်ရွှေ တစ်ကျပ်သားလျှင် ၉၄၁၀၀၀ ကျပ်မှစတင်ကာ ဆက်တိုက်မြင့်တက်နေ ခြင်းဖြစ်ပါတယ်။ သြဂုတ်လ ၁၃ ရက်နေ့၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ၉၅၁၀၀၀ ကျပ် အထိ တစ်လအတွင်း ကျပ်တစ်သောင်း ဈေးတက်ခြင်းဖြစ်ကြောင်း ရွှေဘုံသာ အခေါက်ရွှေ လက်ကားဈေးကွက်အတွင်း မှသိရသည်။
 
Credit - The Voice