အခုရက်ပိုင်းအတွင်း ဆန်ဟောင်းများအရောင်းအ၀ယ်ပိုသွက်နေ

ဆန်သစ်ပေါ်ချိန်ဖြစ်ပေမယ့် ဆန်အသစ်ဈေးကွက်ငြိမ်နေပြီး အခုရက်ပိုင်းအတွင်း ဆန်ဟောင်းများ ဈေးကွက်အတွင်း အရောင်းအ၀ယ်ပိုသွက်နေတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ အစရက်ပိုင်းတွေက စပါးဟောင်းကုန်ချိန်နဲ့ စပါးသစ်ပေါ်ချိန် အကူးအပြောင်းကာလဖြစ်တဲ့အတွက် ဆန်ဈေးတွေဟာ တည်ငြိမ်မှုမရှိဘဲ သိသိသာသာတက်ခဲ့ပါတယ်။အခုရက်ပိုင်းမှာတော့ စပါးစတင်ပေါ်လာတဲ့အတွက် ဆန်လက်လီဈေးကွက်မှာ ဆန်အသစ်တွေအရောင်းအ၀ယ်အေးနေပြီး ဆန်အဟောင်းတွေအရောင်းအ၀ယ် လိုက်နေတယ်လို့သိရပါတယ်။ဒါပေမယ့်စပါးသစ်တွေက နယ်စုံကထွက်ပြီးဖြစ်တာကြောင့် ဆန်အချောဈေးကော အကြမ်းပါ ထပ်ကျဖို့ရှိတယ်လို့ ဆန်စပါးကုန်စည်ဒိုင် (၀ါးတန်း)က တွဲဖက်အတွင်းရေးမှူး ကိုဇော်ခိုင်ကပြောပါတယ်။
လက်ရှိမှာ ပေါ်ဆန်းအသစ်တစ်အိတ်ကို ကျပ်(၄၃၀၀၀)၀န်းကျင်၊ရက်(၉၀) အဟောင်းတစ်အိတ်ကို ကျပ်(၂၆၀၀၀)၀န်းကျင်၊ ဒေးဒရဲ ဖျာပုံပေါ်ဆန်းတစ်အိတ်ကို ကျပ်(၂၆၅၀၀)ရှိပြီး ဘိုကလေး၊ကျိုက်လတ် ပေါ်ဆန်းတစ်အိတ်ကို ကျပ်(၂၆၀၀၀)ကနေ (၂၅၀၀၀)ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။