ရန်ကုန်နှင့် ဒေသအချို့ နေရာကွက်၍မိုးကြီးမည်

မုတ်သုံလေအားကောင်းနေသည့်အတွက် ရန်ကုန်အပါအ၀င် ဒေသနှစ်ခုတွင် နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသီတင်းထုတ်ပြန်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ပြီး ကျန်ဒေသများတွင် နေရာအနှံ့အပြား မိုးထစ်ခြုံးရွာနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။
ယခုသီတင်းပတ်အတွင်း မုန်တိုင်းငယ်ဖြစ်နိုင်ခြေမတွေ့ရှိရသေးသော်လည်း မုတ်သုံလေအားကောင်းနေနိုင်သည့်အတွက် ပင်လယ်ပြင်မိုးလေ၀သအခြေအနေ ဆိုးရွားခြင်း၊ မိုးသည်းထန်ခြင်းနှင့် မိုးသက်လေပြင်းများကျရောက်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးကပြောကြားသည်။
''လာမယ့်နှစ်ရက်သုံးရက်အတွင်း မုတ်သုံလေ ဆက်လက်အားကောင်းနေ နိုင်ပြီးတော့ မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသတွေမှာ နေ့စဉ် မိုးရေချိန်နှစ်စဉ် လက်မနဲ့ အထက်ရွာဖို့ ရာခိုင်နှုန်းများပါတယ်'' ဟုပြောဆိုသည်။
ထို့ပြင်မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ရာ လှိုင်းအမြင့်ရှစ်ပေမှ ၁၂ ပေ ခန့် အထိ ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။
 
Credit - The Voice