''ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ ကုသပေးမည့် နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ ဝေဒနာရှင်စုစုပေါင်း အယောက် (၁၀၀)ကျော် စာရင်းပေးထား''

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကမ္ဘောဇအုပ်စု ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း နဲ့ Smile Asia တို့ပူပေါင်းပြီး လာမယ့်သြဂုတ်လ (၂၆)ရက်မှ(၂၉)ရက်ထိ ရက်ထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ ဝေဒနာရှင်တွေကို အခမဲ့ ခွဲစိတ်ကုသပေးသွားမှာဖြစ်ပါတယ်။ ခွဲစိတ်မှုတွေကို အသက် (၆)လက စတင်ပြုလုပ်ပေးမှာဖြစ်ပြီး လူဦးရေအကန့်အသတ်နဲ့ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။သြဂုတ်လ (2)ရက်အထိ လူဦးရေအယောက် (၁၀၀)ကျော်စာရင်းပေးသွင်း ထားတယ်လို့သိရပါတယ်။ နယ်ဘက်ဒေသတွေမှ ကုသမှုလာရောက်ခံယူမဲ့ ဝေဒနာရှင်တွေအတွက်  ကမ္ဘောဇအုပ်စု  နဲ့ ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်းတို့က လမ်းခရီးအသွားအပြန်စရိတ်၊အစားအသောက်တွေကို တာဝန်ယူကူညီပေးသွားမှာဖြစ်ပြီး တည်းခိုစရာနေရာအဖြစ် မရမ်းကုန်းမြို့နယ်ရှိ ပေါက်တောစေတီတော်ကြီးကျောင်းမှာ နေရာစီစဉ်ပေးတယ်လို့ ကမ္ဘောဇအုပ်စုရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဒီ အခမဲ့ခွဲစိတ်မှုတွေအတွက် သြဂုတ်လ(25)ရက်မှာ ကျန်းမာရေးစစ်ဆေးပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နှစ်တွေမှာတော့ ရန်ကုန်တိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာရှိတဲ့နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ ဝေဒနာရှင်(၃၆၂)ဦးကိုအောင်မြင်စွာကုသပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန၊ ကမ္ဘောဇအုပ်စု၊  ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း နဲ့ Smile Asia တို့ကပူးပေါင်းပြီး ပြုလုပ်သွားမယ့် အစီအစဉ်ကို စိတ်ပါဝင်စားသူတွေအနေနှင့် ဖုန်းနံပါတ် ၀၉-၄၂၇ ၅၆၂ ၀၀၃ နဲ့ ၀၉- ၄၂၇ ၅၆၂ ၀၀၄ ကိုဆက်သွယ်ပြီး စာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။