မန္တလေးမှာ ဗိုလ်ချုပ်အောင်ဆန်း စကျင်ကျောက်ဆစ်ရုပ်တု ဖြစ်မြောက်ရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ပြုလုပ်မည်

ဗိုလ်ချုပ်အောင်ဆန်း (၁၀၄) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ထုဆစ်ထားရှိမယ့် ဗိုလ်ချုပ်အောင်ဆန်း စကျင်ကျောက်ဆစ်ရုပ်တု ဖြစ်မြောက်ရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ပြုလုပ်သွားမယ်လို့သိရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိုင်ငံလွပ်လပ်ရေးဗိသုကာ၊ အာဇာနည်၊ အမျိုးသားခေါင်းဆောင်၊ တပ်မတော်ရဲ့ ဖခင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းစိတ်ဓာတ်ကို လူငယ်တွေ လေးစားဂုဏ်ယူစိတ်ဖြင့် အတုယူနိုင်ရေးနဲ့ မန္တလေးမြို့မှာ လူထုနဲ့သက်ဆိုင်တဲ့ နေရာအဖြစ်သာမက ပြည်တွင်း၊ ပြည်ပ ဧည့်သည်တွေအတွက် ဂါရ၀ပြုလေ့လာစရာ နေရာတစ်နေရာအဖြစ် ဂုဏ်ယူစွာတည်ရှိရေးစတဲ့ ရည်ရွယ်ချက်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကျောင်ဆစ်ရုပ်တု၊ ဗိမာန်နှင့် ပြည်သူ့အပန်းဖြေဥယျာဉ်ကို တည်ဆောက်တာဖြစ်တယ်လို့သိရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း စကျင်ကျောက်ဆစ်ရုပ်တု ဖြစ်မြောက်ရေး ရန်ပုံငွေဂီတဖျော်ဖြေပွဲကို လာမယ့်ဖေဖေါ်ဝါရီလ (၁၃)ရက်မှာ Yadanarbon Event Park မှာကျင်းပသွားမယ်လို့သိရပါတယ်။ ဒီပွဲကိုနိုင်ငံကျော်အဆိုတော်တွေဖြစ်တဲ့ စိုးသူ၊ ချစ်ကောင်း၊ စောဖိုးခွား၊ ကော်နီ၊ စန္ဒီမြင့်လွင်တို့နဲ့ အတူ လူငယ်အဆိုတော်တွေဖြစ်တဲ့ သာဒီးလူ၊ ဖိုးပြည့်၊ J FIRE၊ ICE COLD၊ ဟန်နေတာ၊ ပြုံးမြသွယ်၊ TEAM-143 နဲ့ MARY တို့ပါဝင်သီဆိုကြမယ်လို့ သိရပါတယ်။