မန္တလေးတွင် နှမ်း(သစ်)ဈေးကောင်း

မန္တလေးကောက်ပဲသီးနှံဈေးကွက်တွင် နှမ်း(အသစ်)များဝင်နေပြီး ဈေးကောင်းရလျက်ရှိကြောင်း နှမ်းအရောင်းအ၀ယ်လုပ်ကိုင်သူတစ်ချို့က ပြောဆိုသည်။နှမ်းဖြူအသစ်သည် မေလ၂၆ရက်နေ့က ၄၅ ပိဿာတစ်အိတ်လျှင် ကျပ်၁၂၅,၀၀၀ မှ ၁၃၁,၀၀၀ ကျပ်ဖြင့် ဈေးကွက်သို့ဝက်ရောက်လာပြီး ဇွန်လ၃ရက်နေ့တွင် ကျပ် ၁၃၃,၀၀၀မှ ၁၃၅,၀၀၀ ဖြင့်အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း ကုန်စည်ဒိုင်ထုတ်ပြန်ချက်များ အရလည်းသိရသည်။
 
ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံတို့တွင် ရာသီဥတုအခြေအနေကြောင့် နှမ်းအထွက်နှုန်း လျော့ကျခဲ့ရာ မြန်မာနိုင်ငံမှနှမ်းကို အဓိကထားဝယ်ယူနေရ၍ ပြည်တွင်းနှမ်းဈေးကွက်သည် ဈေးနှုန်းအမြင့်တွင် ရှိနေခြင်းဖြစ်ကြောင်း  ပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်း -မန္တလေးကုန်စည်ဒိုင်ဒုတိယဥက္ကဋ္ဌ ဦးချွန်ကပြောကြားသည်။နှမ်းဆီကြိတ်ရန် အသုံးပြုသော နှမ်းညိုအသစ်(ဆီနှမ်း)သည်လည်း ၄၅ပိဿာလျှင် ၁၁၅,၀၀၀ ကျပ်ဈေးရနေကြောင်း မန္တလေးကုန်စည်ဈေးကွက်ထံမှ သိရသည်။
 
Credit- The Voice