မွန်ကရင်နှင့် ဒေသအချို့ နေရာကွက် မိုးကြီးမည်

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင်ဖြစ်ပေးနေသည့် လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မုတ်သုံလေ အားကောင်းနေရာ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အပါအ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍မိုးကြီးနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။
''လာမည့်သုံးရက်မှ ငါးရက်အတွင်း မုတ်သုံလေ ဆက်လက်အားကောင်းနေဖို့ အားပေးတဲ့ လေဖိအားနည်းရပ်ဝန်းပါ။ India အရှေ့ဘက်ကမ်းခြေကို ရွှေ့လျားမှာပါ'' ဟု ညွှန်ကြားရေးမှူးဦးကျော်လွင်ဦးကပြောဆိုသည်။
ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒီနေ့ သြဂုတ်လ ၈ ရက်နေ့၌ နေရာကွက်၍မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။
ထို့ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ရာ လှိုင်းအမြင့် ၉ ပမှ ၁၂ ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၆ ပေမှ ၉ပေခန့် အထိ ရှိနိုင်ကြောင်း သိရသည်။
 
Credit - The Voice