မန္တေလေးတွင် မြို့မအသင်းက သီချင်းအသစ်များ၊ သီချင်းဟောင်းများနဲ့ လှည့်လည်ဖျော်ဖြေမည်

မကြာခင်ရက်ပိုင်းမှာ မဟာသင်္ကြန်ကျရောက်တော့မှာဖြစ်ပါတယ်။ ဒီနှစ်သင်္ကြန်မှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ စည်ကားစွာ ရေကစားနိုင်ဖို့ အတွက် ပြင်ဆင်နေကြတာဖြစ်ပါတယ်။ မန္တလေးမှာတော့ ရေသဘင်မဏ္ဍပ်နဲ့ စည်ကားစွာကျင်းပနိုင်ဖို့ အတွက် ပြင်ဆင်နေကြတာဖြစ်ပါတယ်။ မန္တလေးမှာတော့ ရေသဘင်မဏ္ဍပ်တွေနဲ့ စည်ကားစွာကျင်းပနိုင်ဖို့အတွက် ပြင်ဆင်နေကြပြီး မန္တလေး မြို့မ အသင်းက ငွေငန်းအလှပြယာဉ်နဲ့ လှည့်လည်ကာ သီချင်းအသစ်၊ သီချင်းအဟောင်းတွေနဲ့ ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။ သင်္ကြန်နဲ့ ပက်သက်ရင် ငွေငန်းအလှပြယာဉ်နဲ့ မြို့မအသင်းဟာ အစဉ်အလာကြီးတဲ့ တူရိယာ အသင်းတစ်ခု ဖြစ်ပါတယ်။
ယခုနှစ် မန္တလေးသင်္ကြန်မှာ မြို့မအသင်းက ငွေငန်းအလှပြယာဉ်နဲ့ အစဉ်အလာမပျက် လှည့်လည် ဖျော်ဖြေပေးသွားကြမှာပါ။ ဒီလိုဖျော်ဖြေရာမှာ မြို့ မနာယကဆရာကြီးတွေနဲ့ တေးရေးဆရာကြီးတွေ ရေးစပ်သီကုံးထားတဲ့ သီချင်းသစ် (၁၄)ပုဒ်နဲ့ ဆရာကြီးမြို့ မငြိမ်း၊ နန်းတော်ရှေ့ ဆရာတင်၊ ဦးဘိုခင်၊ ဆရာကြီးဦးဘသိန်း၊ ဆရာပေါတို့ရဲ့ သီချင်းဟောင်းတွေကိုလည်း သီဆိုဖျော်ဖြေသွားကြမယ်လို့ သိရပါတယ်။ အခုလက်ရှိမှာမြို့မအသင်းက  သင်္ကြန်အတွက် သီချင်းတိုက်တာပြုလုပ်နေပြီး ငွေငန်း အလှပြယာဉ်ပြင်ဆင်တာတွေပြုလုပ်နေပါတယ်။