ဘန်ကောက်ဗုံးခွဲမှုနှင့်ပတ်သက်သည်ဟု သံသယရှိသူ သုံးဦး မလေးရှားထိန်းသိမ်း

ပြီးခဲ့သည့်လအတွင်း ဖြစ်ပွားခဲ့သည့် လူပေါင်း ၂၀ သေဆုံးခဲ့သည့် ဘန်ကောက်မြို့ ဗုံးခွဲမှုနှင့် ပတ်သက်သည်ဟု သံသယရှိသူသုံးဦးကို မလေးရှားနိုင်ငံက ထိန်းသိမ်းလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
 
မလေးရှားနိုင်ငံသား နှစ်ဦးနှင့် ပါကစ္စတန်နိုင်ငံသား တစ်ဦးကို ထိန်းသိမ်းထားပြီး စုံစမ်းမေးမြန်းသည်များကို ၎င်းတို့ က ပူးပေါင်းဖြေကြားပေးလျက်ရှိကြောင်း မလေးရှားရဲတပ်ဖွဲ့ အကြီးအကဲ ခါလစ်က သတင်းထောက်များကို ပြောကြားသည်။
 
 
Credit : The VOICE Daily