ဗိုလ်ချုပ်ရုပ်ရှင်အတွက် သရုပ်ဆောင်တွေခေါ်ယူသွားမည်

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတ္တိရုပ်ရှင်ရိုက်ကူး နိုင်ဖို့ သရုပ်ဆောင်တွေခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့သိရပါတယ်။
လက်ရှိမှာ သမိုင်းပညာရှင် တွေဆီပို့ပြီး အတည်ပြုပြီးသား ဇာတ်လမ်းပေါင်း (၁၁၆)ခန်းကို သမိုင်းပညာရှင် တွေကဇန်န၀ါရီလ (၂၀)ရက်ကပြုလုပ်တဲ့ အဋ္ဌမအကြိမ်မြောက် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးမှာအတည်ပြုခဲ့ပြီး နောက်ဆုံးအဆင့် ရိုက်ကူမည့် ဇာတ်ညွှန်းအဖြစ် ပြန်ရေးဖို့ စတင်လုပ်ဆောင်သွားမယ်လို့သိရပါတယ်။
ပါဝင်မယ့် မူရင်းဇာတ်ကောင်တွေရဲ့ အရပ်အမောင်း ကိုယ်လုံးကိုယ်ထည် တွေကိုပြုစုထားပြီး သရုပ်ဆောင်တွေရွေးချယ် သွားမယ်လို့သိရပါတယ်။ သရုပ်ဆောင်တွေကိုတော့ ပြင်ပကပဲဖြစ်ဖြစ်၊ အနုပညာလောကကပဲဖြစ်ဖြစ် ရုပ်အတူဆုံးသူတွေကို ရွေးချယ်နိုင်ဖို့အတွက် လျောက်လွှာတွေခေါ်ယူသွားမှာဖြစ်ပါတယ်။ ပြင်ဆင်မှုအနေနဲ့ ရိုက်ကူးရေးဘုတ်အဖွဲ့ဖွဲ့စည်းဖြစ်ပြီး အ၀တ်အစားဒီဇိုင်းအတွက် လိုအပ်တဲ့လေ့လာမှုတွေပြုလုပ်ပြီး အစမ်းချုပ်လုပ်မှုတွေ လုပ်ဆောင်နေပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လွှင့်နိုင်ဖို့ လက်ရှိမှာ ရံပုံငွေ သိန်း(၁)သောင်းကျော်ရှိပြီး ရိုက်ကူးချင်တဲ့ ရုပ်ရှင်အရည်အသွေးကြောင့် သိန်း (၁)သောင်းခွဲထိ ကုန်ကျမယ်လို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။