ထိုင်းနိုင်ငံရေကြီးမှု သေဆုံးသူရှိလာ

ထိုင်းနိုင်ငံမှာဖြစ်ပွားနေတဲ့ရေကြီးမှုတွေကြောင့် ဇူလိုင်လကတည်းကဆိုရင်သေဆုံးသူ အရေအတွက် ၂၃ ဦးအထိရှိလာပြီဖြစ်တယ်လို့

ထိုင်းနိုင်ငံသဘာဝဘေး အန္တရာယ်ကာကွယ်ရေးနဲ့လျော့ပါးသက်သာရေးဌာနက သြဂုတ်လ ၂ ရက်မှာ ပြောကြား လိုက်တာပါ။ထိုင်းနိုင်ငံဟာ လက်ရှိမှာ မုတ်သုန်ရာသီရောက်ရှိနေတာဖြစ်ပြီး မိုးသည်းမှုဟာ လာမယ့် သီတင်းပတ်တွေအတွင်း ဆက်ရှိနေဦးမယ်လို့ မိုးလေ၀သခန့်မှန်း ချက်တွေအရ သိရပါတယ်။ 

 

လက်ရှိမှာ ထိုင်းနိုင်ငံထဲက ခရိုင် ၆၇ ခုမှာ ၄၄ ခုက ရေလွှမ်းထားပါတယ်။နိုင်ငံအရှေ့မြောက်ပိုင်းက ခရိုင်ဆယ်ခုမှာ ရေကြီးမှုဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး တစ်ချို့နေရာတွေမှာ ရေအနက် ၂ မိတာ အထိရှိနေတာပါ။

 

ဘန်ကောက်ကနေ ၆၅၀ ကီလိုမီတာပဲကွာဝေးတဲ့ ဆာခွန်နခွန်ခရိုင်မှာ ရေကြီးမှု အဆိုးရွားဆုံး ဖြစ်ပွားနေပါတယ်။ခရိုင်အတွင်းက ပြည်တွင်းသွားလေဆိပ်ကို ၃ ရက်ကြာ ပိတ်ထားခဲ့ရပြီး တနင်္လာနေ့နှောင်းပိုင်းကမှ ပြန်ဖွင့်နိုင်ပါတယ်။ရေကြီးနေတဲ့ ခရိုင်တွေထဲမှာ ရှေးဟောင်းမြို့တော် အယုဒ္ဓယလည်း ပါဝင်နေပါတယ်။ထိုင်းဝန်ကြီးချုပ်ဟာ အဲဒီခရိုင်ကို သွားရောက်ခဲ့ပြီး ရေဘေးသင့်ပြည်သူတွေကို အစိုးရဘက်ကတတ်နိုင်သမျှ အကူအညီတွေပေးသွား မယ်လို့ ကတိပေးစကားပြောကြားထားပါတယ်။