တိုင်းနှင့်ပြည်နယ် ခုနှစ်ခု၌ သင်္ကြန်ကာလအတွင်း မိုးထစ်ချုန်းရွာနိုင်ကြောင်း ဒေါက်တာထွန်းလွင်မှန်း

ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊တနသာင်္ရီတိုင်း၊မန္တလေးတိုင်း မြောက်ပိုင်းစွန်းနှင့်မကွေးတိုင်းမြောက်ပိုင်းစွန်းတို့တွင် သင်္ကြန်ကာလအတွင်း မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က ၏လူမှုကွန်ရက်မှ တစ်ဆင့်ပြောဆိုခဲ့သည်။
 
အလားတူ ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းတို့တွင်လည်း နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးရွားသွန်းမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
 
အနောက်ဘက်မှလာသော လေအေးများနှင့် ဘင်္ဂလားပင်လယ်အော်မှ လာသောလေနွေးများစုဆုံမှုကြောင့် ဧပြီ၇ရက်မှ ၁၀ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊နေပြည်တော်၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့၌ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဧပြီ၅ရက်၌ ထုတ်ပြန်ထားသည်။
 
ဧပြီလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း နှင့်နှစ်ကြိမ်ဖြစ်ပေါ်ကာ တစ်ကြိမ်မှာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု လည်းသိရသည်။