တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဇွန်၁၄ရက်အထိ ဆက်လက်မိုးကြီးမည်ဟုဆို

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအလွန်ကောင်းနေသဖြင့် ဇွန်၁၄ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆက်လက်မိုးကြီးမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေညွန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ဇွန်၁၂ရက်နေ့က ပြောဆိုသည်။ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ရှမ်းပြည်နယ် (အရှေ့ပိုင်း)နဲ့ ကယားပြည်နယ်တွေမှာတော့ မိုးမကြီးပါလို့ပြောကြားပါတယ်။
 
ဇွန်၁၃ရက် (ယနေ့)၌ တစ်ပြည်လုံးတွင် နေရာအနံ့အပြားမိုးရွာပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက် နေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင်၄၀အထိ တိုင်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ပေမှ ၁၅ပေခန့်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန ကထုတ်ပြန်ထားသည်။
Credit -Myanmar Times