Home
Who We Are
News
Program
Schedule
podcast
Contact Us
87.9 MHz -
Mandalay FM - Your Radio , Your Friend
Your browser does not support the audio element.
တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသယ်တွေကို အောက်တိုဘာ ၁ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တရားဝင်အခမ်းအနားနဲ့ ဆိုက်ရောက် ဗီဇာထုတ်ပေးခဲ့ပါတယ်
အခန်းအနားကို ဟော်တယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ပြည်ထော်စုဝန်ကြီး ဦးအုန်းမောင်နဲ့ အတူ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါအခန်းအနားမှာ ကူမင်း-ရန်ကုန် ခရီးစဉ် တရုတ်နိုင်ငံပိုင် လေးကြောင်းလိုင်းမှ လေယဉ်အမှတ် CA-415 ဖြင့်ဆိုက်ရောက်လာတဲ့ တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည် တစ်ရာကျော်ကို ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်ကိုယ်တိုင် အခန်းအနားနဲ့ ကြိုဆိုပြီး ဆိုက်ရောက်ဗီဇာနဲ့ ပြည်ဝင်ခွင့်ပေးခဲ့ပါတယ်။
အောက်တိုဘာ(၁)ရက်နေ့မှာတော့ ဆိုက်ရောက်ဗီဇာနဲ့ မြန်မာပြည်မှာ ရက်သုံးဆယ် နေထိုင်ခွင့်ရမယ့် တရုတ်နိုင်ငံ သား တစ်ရာကျော်နဲ့ ဗီဇာကင်းလွတ်ခွင့်ရမယ့် ဂျပန်နဲ့တောင်ကိုရီးယား နိုင်ငံသား နှစ်ရာနီးပါး ပြည်ဝင်ဖို့ ရှိကြောင်း သိရပါတယ်။ ဧညွှန်းတွေကတော့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို စိတ်ဝင်စားမှု နည်းပါးနေချိန်မှာ အာရှနိုင်ငံသားတွေ လာရောက်လည်ပတ်တာကို ကြိုဆိုရမှာဖြစ်တယ်လို့ ပြောပါတယ်။
ယခုနှစ် အောက်တိုဘာ ၁ရက်ကနေ လာမယ့် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အတွင်း ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံသားတွေ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်မယ်ဆိုရင် ဗီဇာကင်းလွတ်ခွင့်ရမှာဖြစ်ပြီး တရုတ်နိုင်ငံသားတွေ ကတော့ ဆိုက်ရောက်ဗီဇာ ရရှိမှာဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနက တရားဝင်စာထုတ်ပြန်ပြီးဖြစ်ပါတယ်။ ဒါ့ပြင် ဆိုက်ရောက်ဗီဇာရယူလိုတဲ့ တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့ Show Money ဒေါ်လာ တစ်ထောင် ပြသစရာ မလိုတော့ဘဲ ဆိုက်ရောက်ဗီဇာ အတွက် ဒေါ်လာ ငါးဆယ်သာပေးချေရတော့မှာဖြစ်တယ်လို့သိရပါတယ်။