ဇွန်လတွင် တရုတ်ပို့ကုန်များကို အမေရိကန်စတင်အခွန်တိုးကောက်ရန် အိမ်ဖြူတော် အတည်ပြု

လာမည့်ဇွန်လလယ်မှစတင်ပြီး တရုတ်နိုင်ငံတင်သွင်းတဲ့ ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ဘီလီယံ(၅၀)လောက်ရဲ့ (၂၅)ရာခိုင်နှုန်းကို အခွန်စတိုးကောက်မယ်လို့ အမေရိကန်ဘက်က ပြောပါတယ်။အခွန်စတိုးကောက်ခဏဆိုင်းထားဖို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမေရိကန်ငွေတိုက်ဝန်ကြီးစတီဗင် မန်နူချင်က ပြောခဲ့ပေမဲ့ ဇွန်လ(၁၅)ရက်မှာ အခွန်စတိုးကောက်မယ်လို့ အိမ်ဖြူတော်က မေလ(၂၉)ရက်မှာပြောခဲ့ပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းက ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောခဲ့တဲ့အပြုအမူတွေအတိုင်း ဆက်ဆောင်ရွက်သွားဖို့ တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။လာမယ့်တစ်ပတ်မှာ အမေရိကန်စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဝေလ်ဘာ ရော့စ်က တရုတ်နိုင်ငံကို သွားဖို့ရှိနေချိန်မှာပဲ အိမ်ဖြူတော်က အခုလိုဆုံးဖြတ်ခဲ့တာပါ။