ဇူလိုင်နှင့် သြဂုတ်၌ ဆက်လက်မိုးကြီးမည်

မိုးလယ်ကာလ ဇူလိုင်နှင့်သြဂုတ်လများတွင် ဆက်လက်မိုးကြီးမည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ဇွန် ၂၆ ရက်၌ ပြောဆိုသည်။
''မုတ်သုံလေအားကောင်းနေတဲ့အချိန်၊ ပြီးတော့ဒီနှစ်က မိုးဦးကလည်းကောင်းနေတဲ့အချိန်ကြောင့် မိုးများတာပါ။ မုတ်သုံလေကအားကောင်းနေတော့ ကမ်းရိုးတန်းဒေသတွေမှာ နေရာအနှံ့အပြားမိုးရွာနေတယ်။ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးမှာတော့ နေရာကွက်မိုးကြီးမယ်။ ရခိုင်ပြည်နယ်မှာဆိုရင် ဒေသအလိုက်မိုးကြီးမယ်။ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း တွေမှာမိုးကြီးမယ်။ ဇူလိုင်နဲ့ သြဂုတ်လမှာ ဒီထက်မိုးများလာဦးမှာပါ '' ဟုပြောဆိုသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကထုတ်ပြန်ထားသည်။
 
Credit- Myanmar Times