Home
Who We Are
News
Program
Schedule
podcast
Contact Us
87.9 MHz -
Mandalay FM - Your Radio , Your Friend
ဂျပန်အာဏာရပါတီဥက္ကဌအဖြစ် ရှင်ဇိုအာဘေး ထပ်မံရွေးချယ်ခံရ၊စီးပွားရေးနာလန်ထူအောင် အစွမ်းကုန်လုပ်ဆောင်မည်ဟု ကတိပြု
ဂျပန်နိုင်ငံ၏ အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LPD)၏ ဥက္ကဌရာထူးပြန်လည်ရွေးချယ်ရာတွင် ၀န်ကြီးချုပ်ရှင်ဇိုအာဘေး ဒုတိယအကြိမ်အဖြစ် ထပ်မံရွေးကောက်တင်မြှောက်ခံလိုက်ရပြီးနောက် ကမ္ဘာ့တတိယအကြီးဆုံး ဂျပန်စီးပွားရေြး ပန်လည်တိုးတက်ရေးအတွက်
အဓိကလုပ်ဆောင်သွားမည်ဟု ၎င်းက ကတိက၀တ်ပြုပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
ပါတီတွင်း မဲခွဲဆုံးဖြတ်ခဲ့ကြရာ ၀န်ကြီးချုပ်ရှင်ဇိုအာဘေးသည် ယခင် LPDပါတီအမှုဆောင်ဖြစ်ခဲ့ဖူးသူ ပြိုင်ဘက် ဆီကိုနိုဒါကို အနိုင်ရရှိလိုက်ခြင်းဖြစ်ကြောင်း ယခုတစ်ကြိမ်ရွေးကောက်တင်မြှောက်ခံလိုက်ရခြင်းကြောင့် ရှင်ဇိုအာဘေးအနေနှင့် ပါတီဥက္ကဌအဖြစ် နောက်ထပ်
သုံးနှစ်ဆက်လက်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ဂျပန်သတင်းဌာနများက ဖော်ပြသည်။
Credit : The VOICE Daily