ကနီမြို့တွင် လေပြင်းတိုက် လူနှစ်ဦးသေ၊ အဆောက်အအုံ ၁၀၀ ကျော်ပျက်စီး

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့တွင် မေလ ၁၄ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်ခဲ့ရာ လူနှစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံ ၁၀၀ကျော် ပျက်စီးခဲ့ကြောင်း ကနီမြို့တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးထွန်းထွန်းဝင်း ကပြောကြားသည်။
 
 
 
 
အဆိုပါ လေပြင်းမှာ ညနေ ၄နာရီခွဲမှစတင်ကာ တစ်နာရီအကြာ တိုက်ခတ်ခဲ့သည်။ ယင်းအပြင်မြို့နယ် ပညာရေးမှူးရုံး အမိုးလန်ကာ စာရွက်စာတန်းများပျက်စီးခဲ့ပြီး မြို့နယ် သမ၀ါယမရုံး အမိုးလန်ပြီး ရုံးထဲရှိ ကွန်ပျူတာများ၊
စာရွက်စာတမ်းများ မိုးရေစိုကာ ပျက်စီးခဲ့ကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ ၀န်ထမ်းအိမ်ရာများ သစ်ပင်ပိပျက်စီးခဲ့ကြောင်း ၄င်းကရှင်းပြသည်။