“Mingalar Nya Nay Khin Par”

Presenter: 
Zar Ni & Nay Nay

မန္တလေးFM က ပထမဆုံးဖြစ် ဂုဏ်ယူစွာတင်ဆက်နိုင်ခဲ့တဲ့ မင်္ဂလာညနေခင်းပါတိုက်ရိုက်ထုတ်လွှင့်မှုရေဒီယိုစကားဝိုင်း (Live Talk Show since 1st of May, 2013)

အပတ်စဉ် တနင်္လာနေ့မှသောကြာနေ့အထိ ညနေ(၄)နာရီကနေ(၇)နာရီထိ တင်ဆက်သူကိုဇာနည် နဲ့ နေနေ တို့က ရေဒီယိုချစ်ပရိသတ်တွေကို အမြဲကြိုဆိုလျက်ပါ။

 

ယာဉ်လမ်းအသုံးပြုသူတွေသိသင့်တဲ့ မြို့တွင်းယာဉ်ကြောအခြေအနေတွေကိုအချိန်နဲ့တပြေးညီသတင်းပေးနေတဲ့ Traffic Report နဲ့အတူ ပြည်တွင်းပြည်ပက အနုပညာသတင်းတွေ၊ နယ်ပယ်အသီးသီးက လူတချို့ရဲ့ဘ၀ဇာတ်ကြောင်းစုံ (Lifestyle)၊အနုပညာခရီးစတင်

တက်လှမ်းစပြုနေတဲ့ အနုပညာသည်များနဲ့တွေ့ဆုံခြင်း၊အကြောင်းအရာအလိုက် မတူညီတဲ့အတွေးနဲ့ အမြင်ဖလှယ်တဲ့စကားဝိုင်း၊ကျန်းမာရေးစကားဝိုင်း၊ ဗဟုသုတအဖြစ်သိသင့်တဲ့အကြောင်းအရာစုံနဲ့အတူအချိန်နဲ့အညီ သတင်းပေးသွားမယ့်နောက်ဆုံးရအားကစားသတင်းတွေကို

မင်္ဂလာညနေခင်းပါ အစီအစဉ်မှာ နားဆင်ရမှာပါ။

 

အဆိုတော်များရဲ့ တိုက်ရိုက်သီဆိုဖျော်ဖြေမှုကိုရေဒီယိုကနေခံစားနားဆင်လိုတဲ့ ရေဒီယိုပရိသတ်တွေက Mandalay FM Live Performance အချိန်လေးကိုစောင့်မျှော်နားဆင်နိုင်ပါတယ်။ ရေဒီယိုကနေဖုန်းဆက်သီချင်းတောင်းချင်တယ်ဆိုရင်လည်းမင်္ဂလာညနေခင်းပါမှာ

တောင်းဆိုနိုင်ပါတယ်။သီချင်းပဟေဠိအဖြေညှိချင်တဲ့သူတွေအတွက် Music Quiz အချိန်မှာပါဝင်ဖြေဆိုပြီး၊ မန္တလေးFM ကပေးမယ့် ဆုလက်ဆောင်တွေနဲ့ရင်ခုန်စရာအချိန်တွေ ဖန်တီးယူလိုက်ပါ။ မသစ်သစ်မြင့်ဆိုင် ပင်တိုင်ပါဝင်တဲ့ Women Panel (အမျိုးသမီးစကားဝိုင်း)

မှာအမျိုးသမီးထုအတွက်အကြောင်းအရာစုံကိုဆွေးနွေး ပြောဆိုကြပါတယ်။အချစ်နဲ့မကင်းတဲ့ရေဒီယိုပရိသတ်တွေ ကိုယ်တိုင်ပါဝင်မျှဝေစကားဆိုနိုင်တဲ့ အချစ်ရေဒီယို အချိန်လည်းရှိပါတယ်။လူငယ်တွေရဲ့ခံစားချက်၊ နေ့စဉ်လှုပ်ရှားမှုပုံစံ၊လူငယ်တွေရဲစိတ်ဝင်စားမှုပုံစံ၊လူငယ်တွေရဲ့

သဘာဝ အကြောင်းတွေကိုတော့ Friday Night Panel စကားဝိုင်းကန တဆင့်လေ့လာကြည့်နိုင်ပါတယ်။

 

အချိန်နဲ့အညီအမြဲအကောင်းဆုံးတင်ဆက်ဖို့ တက်ညီလက်ညီကြိုးစားနေတဲ့မင်္ဂလာညနေခင်းပါ အဖွဲ့သားတွေအားလုံးက မန္တလေးFM ရေဒီယိုကိုနားဆင်ကြည့်ဖို့တိုက်တွန်းပါရစေ။

We bet You have Fun to Listen !

 

Every Mon to Fri at 4pm to 7pm
Evening Show " Mingalar Nya Nay Khin Par " is the very first live radio show in myanmar since 2013 May.You will enjoy their varitey contents such as " Current Affairs " , ' Women Panel ' , ' Live Performance on Radio ' and 
' Music Quiz ' and so on.We always Listen your stories, please share!!!